1. 2. 3. မင်္ဂလာပါ: Android os သုံးဖုန်းများကို broadband လိုသုံးလို့ရပါပြီ

Sunday, December 26, 2010

Android os သုံးဖုန်းများကို broadband လိုသုံးလို့ရပါပြီ


ကျွန်တော်ရှာနေတာတော်တော်ကြာပြီဗျာ..ခုမှပဲတွေ့တော့တယ်.. ဟဲဟဲ...ကျွန်တော့ရဲ့လက်သုံးစကားပေါ့
ရှာဖွေလေတွေ့ရှိလေပေါ့..  ဒီလိုပါ ကျွန်တော်လက်ရှိစင်္ကာပူမှာပေါ့ဗျာ.. အင်တာနက်သုံးပါတယ် အဲလိုသုံးတော့ Mobile Broadband လေးတွေဝယ်သုံးရပါတယ်..တစ်လကိုဘယ်လောက်ဆိုပြီး Plan ပေါ်မှုတည်ပါတယ်...S$20,
S$37 အစရှိသဖြင့်ပေါ့ဗျာ.. အဲဈေးများများပေးရရင်တော့ ကွန်နက်ရှင်မြန်တာပေါ့လေ..ဒါကထားပါအဓိက က အခုကျွန်တော်ပြောတဲ့Broad Band ဆိုတာလေးတွေက Sim Card လေးတွေထည့်ထားတာပါ.. အခုကျွန်တော်က Android OS သုံးထားတဲ့ဖုန်းလေးဝယ်လိုက်တယ်..သိတဲ့အတိုင်း သူက open source ဆိုတော့အင်တာနက်ကလေးကသုံးချင်ပြန်ရော..နောက်မြန်မာလိုကလည်းဖတ်လို့ရအောင်လုပ်လိုက်သေးတယ်ဗျ
အဲတော့တော်ယုံဆိုကွန်ပြုတာမဖွင့်ချင်တော့ဘူးလေ..နောက်ပြီးကွန်ပြုတာဖွင့်တော့လည်းတစ်ခါ ဖုန်းထဲက အင်တာနက် Sim card လေးကိုဖြုတ် Broad Band ထဲပြန်ထည့်နဲ့ကြာတော့စိတ်ညစ်လာတယ်ဗျာ.. နောက်ဖုန်းအတွက်လည်းမကောင်းဘူးမဟုတ်လား...အဲဒါနဲ့ Nokia လိုမျိုး Sonyericssion လိုမျိုး PC Suitable လိုက်ရှာရပါရောလား.. Google ကြီးဆိုတာလည်းမောပေါ့..ဟဲဟဲ နောက်တော့တွေ့ပါတော့တာပဲဗျာ..
ဟီးကြော်ငြာတွေများလို့ခင်ဗျားပျင်းနေတာလား..ဆောရီးဗျာ.. တစ်ကယ်တော့ကျွန်တော်အသည်းအသန်ရှာထားတာဗျာ..ကျွန်နက်ရှင်ကလည်းပိုတက်လာတယ်..
သူကတော့ PDANet Tethering Software
လို့ခေါ်ပါတယ်.. သူကို ကွန်ပြုတာမှာinstall လုပ်ရတယ်ဗျ အဲဒီအချိန်မှာဖုန်းနဲ့ ကွန်ပြုတာနဲ့တော့ချိတ်ထားနော် အဲနောက်ပြီးတော့ ဖုန်း setting>>> applications>>>Developement>>>USB debugging ဆိုတာလေးကို ကလစ်နှိတ်ပြီးအမှန်လေး ခြစ်ထားလိုက်ပါ....နောက် PDA Net  ဆော့ဝဲလ်လေးကို
Run လိုက်ပါ သူက သင့်ကွန်ပြုတာနဲ့ phone နဲ့အဆက်သွယ်ရအောင်Driver ရှာပေးလိမ့်မယ်ဗျ..မရှိရင်တော့သွားဒေါင်းလော့ချရမှာပေါ့ဗျာ.. အဲဒါလေးကတော့နဲနဲခက်လိမ့်မယ်..
တစ်ကယ်တမ်းလိုချင်တယ်ဆိုရင် အချိန်မရွေးကျွန်တော်ကူညီပါ့မယ်ဗျာ..အဲဒါလေးကို Install လုပ်ပြီးသွားရင် သင့် ဖုန်းရဲ့အင်တာနက်ကိုသုံးပြီးတော့ ကွန်ပြုတာမှာ အင်တာနက်သုံးလို့ရပါပြီခင်ဗျာ...တစ်ကယ်တမ်းလုပ်ကြည့်ပါတော်တော်လေးကိုလွယ်ကြောင်းပါ.....
ဆော့ဝဲလ်လေးက free တော့မရဘူးနော်..၂၉ဒေါ်လာတဲ့ နှမျောစရာကြီးမဟုတ်လား..ဟဲဟဲ
ဒါပေမဲ့မပူပါနဲ့ဗျာ ...ခင်ဗျားတို့ စာအရှည်ကြီးဖတ်လာပြီးမှတော့ စိတ်မညစ်စေချင်ပါဘူး ပိုက်ဆံလည်းထပ်မကုန်ခိုင်းတော့ပါဘူး ကျွန်တော့်ကိုပဲ အလကားရတဲ့ အွန်လိုင်းကနေပဲ လက်ဘက်ရည်တိုက်ပါ ..တစ်ခါတည်း Full Version လေးကို Key လေးနဲ့ထည့်ပေးလိုက်ပါကြောင်း...
အောက်မှာဒေါင်းလော့လုပ်ပါ..


ဒေါင်းလော့
        

0 comments:

Post a Comment

 
Softlovesky ရှေ့ဆုံးသို့ပြန်သွားရန်