Pidgin နဲ့ စစ်ကြည့်တဲ့နည်းလေးပါ။
Free ပါ။ မူရင်းကို သူဝက်ဆိုဒ်ကနေ ဆွဲချယူနိုင်ပါတယ်။ http://pidgin.im/
Pidgin ကိုသုံးပြီး GTALK ကော Yahoo ကော IM အတော်များများကို လှမ်းတော့လို့ ရပါတယ်။ မိမိ၏ IM အကောင့်တွေလည်း တစ်ခုမကထည့်ပီး တပြိုင်နက် Talk နိုင်ပါတယ်။ အခု သူ့ကို ဒေါင်းလုပ်ဆွဲချပြီး အင်စတေား လုပ်ပီးသွားပြီး ဆိုပါစို့။ အသစ်ဆိုတော့ အကောင့်တစ်ခုမှ မရှိသေးဘူးပေါ့။ Add Account နဲ့ မိမိ၏ အကောင့်ကို ထည့်ပေးရပါမယ်။
မိမိအကောင့်က Gtalk အကောင့်ဆိုရင် Gtalk ကိုေ၇ွးပါ။ အောက်မှာ အဝါတားပြထားတဲ့ သုံးခုကို ထည့်ပေးရပါမယ်။ username ရယ် password ရယ်
နောက် (ကိုယ်ပိုင်စက် ဆိုရင်) remember password ရယ်ပေါ့။ ပြီးရင် အက်ကို နှိပ်လိုက်ရုံပါပဲ။
add ac 2.gif
အောက်ကပုံမှာ PIDGIN က မိမိဂျီတော့အကောင့်နဲ့ တက်နေပုံပါ။ကိုယ့်ကို ပုန်းရှောင်နေသူက offline ဖြစ်နေမှာ ဆိုတော့ offline ဘော်ဒါတွေကို ပြခိုင်းလိုက်ပါမယ်။
show_offline.jpg
offline ဘော်ဒါတွေထဲက ကိုယ့်ကို ဘလော့လုပ်ထားတယ်လို့ သံသယရှိသူကို သူ့နာမည်ပေါ် Right click ခေါက်ပီး Get Info လုပ်ကြည့်ပါ။ အောက်ကပုံလို Full name နဲ့ Photo (ပုံ) တို့ ဘာတို့ တွေ့မြင်ရရင်... သူက offline သက်သက် ဖြစ်နေတာ ကိုယ့်ကို ဘလော့ထားတာ မဟုတ်ဘူးလို့ သိသာပါတယ်။ (ဟူး...တော်ပါသေးရဲ့)
unblock.jpg
အဲ့... Get Info လုပ်ကြည့်လို့ အောက်ကပုံလို ဗျောင်ချည့် (ဒါမှမဟုတ်) Status offline တစ်ကြောင်းတည်း ပေါ်လာရင်တော့ သေချာပါတယ်။ သူ ကိုယ့်ကို ဘလော့ထားတာပဲ။
blocked.jpg

0 comments:
Post a Comment